သခင်ဗဟိန်း (၁၀၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဇူလိုင် ၂၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဒေသခံကျောင်းသားပြည်သူများနှင့် ပူးပေါင်းကာ သခင်ဗဟိန်း (၁၀၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” စာသားပါဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့၌ ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #သခင်ဗဟိန်း #ကိုဗဟိန်း #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”