ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ


၂၀၂၃ ဇွန် ၂၆ ၊ ဗကသ

ဗကသများအဖွဲ့ချုပ်မှ ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် “ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ်” လက်ကမ်းစာစောင်များ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေဝင်းဦးဆောင်သော စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဆလိုင်းတင်မောင်ဦး #SalaiTinMgOo #ဆလိုင်းတင်မောင်ဦးနေ့ #ဗကသ #abfsu #whathappeninginmyanmar

eBook - https://drive.google.com/file/d/1F9V6hcFzlUFPPwvWKqPL2yI7LJhEWamg/view?usp=drivesdk

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့