ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ ကိုအောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာပေအနုပညာပြိုင်ပွဲများ ကျင်းပပြုလုပ်

​


၂၀၂၃ ဖေဖော်ဝါရီလ ၁၃၊ ဗကသ 


ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြားကာလပညာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကိုအောင်ဆန်း၏ (၁၀၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်တွင် စာပေအနုပညာပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။










ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြားကာလပညာရေးအဖွဲ့အစည်းတို့မှ အသီးသီး ဆုများချီးမြှင့်ခဲ့ပါသည်။










သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ကိုအောင်ဆန်း #koaungsan #whathappeninginmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်