အကသ ဒုဥက္ကဌ(ဟောင်း) ကိုဖြိုးမောင်မောင်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် ၄ နှစ် အမိန့်ချ

​


၂၀၂၂ ဇန်နဝါရီ ၃၊ ဗကသ


၂၀၁၅ မျိုးဆက် အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ ၏ ဒုဥက္ကဌဟောင်း၊ မှော်ဘီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်းဖြစ်သူ ကိုဖြိုးမောင်မောင်ကို ဖက်ဆစ်တပ်က မတရားစွက်စွဲထားသည့် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄ နှစ် အပြီးသတ်အမိန့်ချလိုက်ကြောင်း သိရသည်။ ကိုဖြိုးမောင်မောင်သည် ကျောင်းသားထုနှင့် အဖိနှိပ်ခံလူထု အခွင့်အရေးတိုက်ပွဲများတွင် အစဉ်တစိုက် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #အကသ #ဒုဥက္ကဌ #ကိုဖြိုးမောင်မောင် #whathappeninginmyanmar 

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်