အကသ ဒုဥက္ကဌ(ဟောင်း) ကိုဖြိုးမောင်မောင်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် ၄ နှစ် အမိန့်ချ


၂၀၂၂ ဇန်နဝါရီ ၃၊ ဗကသ


၂၀၁၅ မျိုးဆက် အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ ၏ ဒုဥက္ကဌဟောင်း၊ မှော်ဘီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်းဖြစ်သူ ကိုဖြိုးမောင်မောင်ကို ဖက်ဆစ်တပ်က မတရားစွက်စွဲထားသည့် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄ နှစ် အပြီးသတ်အမိန့်ချလိုက်ကြောင်း သိရသည်။ ကိုဖြိုးမောင်မောင်သည် ကျောင်းသားထုနှင့် အဖိနှိပ်ခံလူထု အခွင့်အရေးတိုက်ပွဲများတွင် အစဉ်တစိုက် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #အကသ #ဒုဥက္ကဌ #ကိုဖြိုးမောင်မောင် #whathappeninginmyanmar 

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ