မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

​


၂၀၂၂ ဒီဇင်ဘာ ၁၄၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ အညာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "စစ်ကျွန်ပညာရေးဖျက်သိမ်းရေးမှသည် ဒီမိုကရေစီပညာရေးတည်ဆောက်ရေးဆီသို့"၊ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ"၊ "ဒီအချိန်မှာမစည်းလုံးရင် ဘယ်အချိန်မှစည်းလုံးမှာလဲ"၊ "ဖိနှိပ်သူနဲ့ဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမခွဲခြားဘူး"၊ "ရန်သူကညှိနှိုင်းလို့မရတဲ့ရန်သူ ရန်သူနဲ့ညှိနှိုင်းတဲ့ရန်သူကလည်း ရန်သူကဖြစ်မှာပဲ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
















ဓာတ်ပုံ - BEGSC Myaing


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်