မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဒီဇင်ဘာ ၁၄၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ အညာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "စစ်ကျွန်ပညာရေးဖျက်သိမ်းရေးမှသည် ဒီမိုကရေစီပညာရေးတည်ဆောက်ရေးဆီသို့"၊ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ"၊ "ဒီအချိန်မှာမစည်းလုံးရင် ဘယ်အချိန်မှစည်းလုံးမှာလဲ"၊ "ဖိနှိပ်သူနဲ့ဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမခွဲခြားဘူး"၊ "ရန်သူကညှိနှိုင်းလို့မရတဲ့ရန်သူ ရန်သူနဲ့ညှိနှိုင်းတဲ့ရန်သူကလည်း ရန်သူကဖြစ်မှာပဲ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
















ဓာတ်ပုံ - BEGSC Myaing


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ