မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ စက်တင်ဘာ ၁၉၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ မဝင်းမော်ဦး ကျဆုံးခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် "ငါတို့ဟာ အသေခံတွေ"၊ "ဒီမိုကရေစီရမှ အမျှဝေပါ"၊ "အထွေထွေအကျပ်အတည်းမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "ဗုံးမိုးတွေရွာပြရုံနဲ့ သွေးမုန်တိုင်းကို တားနိုင်ရိုးလား"၊ "ပေးဆပ်သူတွေရဲ့သွေးခင်းလမ်းမှာ အဆုံးသတ်တိုက်ပွဲဝင်ကြ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ "အားတင်းထားပါရန်ကုန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်"၊ "ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ"၊ "ဖက်ဆစ်တရားခွင် အလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။






















ဓာတ်ပုံ -AAMIJ 


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar