ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကရင်အာဇာနည်နေ့ (၇၂) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်


၂၀၂၂ သြဂုတ် ၁၂၊ ဗကသ


ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ကရင်အာဇာနည်နေ့ (၇၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ်တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့၌ "လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက" စာသားပါဘန်နာကို ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


#လူမျိုးကြီးဝါဒဆန့်ကျင်ကြ_အာဇာနည်ဟာကိုးဦးမက


သတင်းနှင့်ပြန်ကြား​ရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #WhatHappeingInMyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty