ယင်းမာပင် ဗကသ၊ ဗလကသ နှင့် ဒေသခံလူထုပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၂၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်မြို့နယ်၌ မေလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် “Freedom is non-negotiable”၊ “ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ အဖိနှိပ်ခံတွေ ထလေ ... ထကြလေ...”၊ “အလုပ်သမားထု အုံကြွ၊ ဖက်ဆစ်တပ်ကို ဖြိုချ” စာသားပါဘန်နာများအား ကိုင်စွဲ၍ “ဒို့အလုပ်သမားတွေ ညီရဲ့လားဟေ့၊ အလုပ်သမားထုအခွင့်အရေး အပြည့်အဝရရှိရေး” စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ဖက်ဆစ်တပ်၏ အင်္ကျီများအား မီးရှို့ဖျက်ဆီးခြင်း၊ သွေးသစ္စာသီချင်းသီဆို့ခြင်းများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။










သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ