အရာတော်မြို့နယ် သွေးစွန်းသည့်နေ့ တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အရာတော်ဗကသမှ လှုပ်ရှားမှုပြုလုပ်


ဧပြီလ ၁၀၊ ဗကသ

အရာတော်မြို့နယ်တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သွေးစွန်းခဲ့သည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အရာတော်မြို့နယ်ဆိုင်းဘုတ်များကို ဆေးနီပက်ဖျန်း၍ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး စာသားပါဘန်နာအား ကိုင်ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ