မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီလ ၃၊ ဗကသ

စစ်ကိုင်းတိုင်း မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသ၌ မတ်လ ၁၁ ရက်‌နေ့တွင် အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌ကျဆုံးလေသောရဲဘော်များအား သက်သေတည်၊ တောင်းယူလို့မရ တိုက်ယူကြ၊ ကတုတ်ကျင်းများအလွန် ကမ္ဘာသစ်ဆီ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


မလဲသာဒေသတွင် ဖက်ဆစ်တပ်က အင်တာနက်ဖြတ်တောက်ကာ ‌ပြည်သူလူထုအား ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေသောကြောင့် သတင်းထုတ်ပြန်မှ နောက်ကျခြင်းဖြစ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ