"ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု ၇ နှစ်ပြည့်" အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်မှ ရန်ကုန် ‌ကျောက်တံတားမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


မတ်လ ၁၀၊ ဗကသ

ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၁ လသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု ၇ နှစ်ပြည့်ခဲ့ပြီ၊ ဒီမိုကရေစီပညာရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား မတ်လ ၁၀ ရက်နေ့၌ အထက ကျောက်တံတားကျောင်းရှေ့တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်