ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


မတ်လ ၁၃၊ ဗကသ

၈၈၈၈ အရေးတော်ပုံ စတင်ဖြစ်တည်ရာ အင်းစိန် RIT ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထကကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "အမိမြေက တလက်မမှမခွာဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ" စာသားပါဘန်နာအား မတ်လ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်