ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


မတ်လ ၁၀၊ ဗကသ

ယမန်နှစ် (၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့) တွင် မြောက်ဥက္ကလာပမြို့နယ်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုကို ဖက်ဆစ်တပ်မှ ဒုတိယအကြိမ် ပစ်ခတ်သတ်ဖြတ်ခဲ့သော ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသား/ပြည်သူများအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ တက်ကြွလှုပ်ရှားသူလူငယ်များ စုပေါင်း၍ မတ်လ ၁၀ ရက်နေ့၌ မြောက်ဥက္ကလာပမြို့နယ်တွင် "တော်လှန်ရေးသမားကိုသာ သတ်လို့ရမယ် တော်လှန်ရေးကို သတ်လို့မရဘူး" စာသားပါ ဘန်နာအားချိတ်ဆွဲကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ