ရန်ကုန် တာမွေမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်


ဇန်နဝါရီလ ၂၁၊ ဗကသ

တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ ချုပ်) မှ တာမွေမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဓာတ်တိုင်များ၊ ကားမှတ်တိုင်များ နှင့် စစ်ကျွန်ပညာရေးလက်အောက်တွင် ကျောင်းတတ်နေသော ကျောင်းသား/ကျောင်းသူများအား စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးအကြောင်း လူထုလှုံ့ဆော်​ရေး စာရွက်​များ ဖြန့်​ဝေကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကာ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်‌ကြရန်နှင့် စစ်ကျွန်ပညာရေးတွင် ကျောင်းမတက်ကြရန် လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေး‌ဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ