အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းနေမှုနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်


ရက်စွဲ ။ ။ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်

အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရသည်ဟု သိရသည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်ဟု သိရသည်။ 

အဆိုပါအခြေအနေနှင့်ပတ်သက်၍ 
၁။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး နှင့်
၂။ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုတရပ်လုံးထံ မေတ္တာရပ်ခံအပ်ပါသည်။ 

ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင်တွင်းရဲဘော်များကို  ဝန်းရံကူညီပေးကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။ 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty