ရန်ကုန် တောင်ဥက္ကလာပတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


နို၀င်ဘာ ၂၈၊ ရန်ကုန်

တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်အတွင်းရှိအထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၂၈ ရက် (အမျိုးသားနေ့) တွင် “မခမ်းခြောက်သေးတဲ့ ကျောင်းသားသွေးတွေနဲ့ ပြည်သူ့ဒီမိုကရေစီကို ရဲရဲတောက်ရေးထိုးအံ့” ဟူသော ဘန်နာစာသားကို ချိတ်ဆွဲကာ တိုက်ပွဲ၀င်ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#‌ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ