လှိုင်သာယာမြို့တွင်းရှိ အဓမ္မ အဖျက်ခံရသော ကျူးကျော်မိသားစုများအား ဗကသကျောင်းသားများမှ အဝတ်အထည်နှင့် ထောက်ပံ့ငွေ လှူဒါန်း

ယနေ့ နိုဝင်ဘာ ၃ ရက်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂအချို့နှင့် ချမ်းအေးသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှပူးပေါင်း၍ လှိုင်သာယာမြို့တွင်းရှိ အဖျက်ခံရသောကျူးကျော်မိသားစုများအား ငွေသားနှင့် အဝတ်အထည်များ လှူဒါန်းခဲ့ပါသည်။ 

အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ချမ်းအေးသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပုသိမ်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ရဲဘော်များ စုပေါင်းကာ ငွေသား ၃၄၀၀၀၀ ( စာဖြင့် - သုံးသိန်းလေးသောင်း) ကျပ် နှင့် အဝတ်အထည် အထုတ်ကြီး ၅ ထုပ်အား လိုအပ်နေသော ကျူးကျော်မိသားစုများသို့ လှူဒါန်းခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ