တိုက်ပွဲဝင်လည်းအတူတူ အချင်းချင်းလည်းဖေးမကူ

တောင်ဥက္ကလာပမြို့နယ် သွေးစွန်းခြင်း (၇)လပြည့်တွင် ‌မြို့နယ်အတွင်းရှိ ဈေးတခု၌ ပြည်သူများအား ဗကသကျောင်းသားများမှ မုန့်နှင့် အအေးများလှူဒါန်း

၁၄/၁၀/၂၀၂၁

စစ်အာဏာရှင်၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် (၁၄.၃.၂၀၂၁) တွင် တောင်ဥက္ကလာပမြို့နယ်တစ်ခုလုံး သွေးချင်းချင်းနီသွားရသည်။ သွေးမှုန်သွေးစများ မြို့နယ်တစ်ဝှမ်း ပြန့်ကြဲခဲ့ရပေသည်။ စစ်အာဏာရှင်ကိုတော်လှန်ရင်း ဂုဏ်ပြောင်စွာကျဆုံးခဲ့သည့် မြို့နယ်၏ အညတရသူရဲကောင်း
ကိုမင်းခန့်စိုးသည် တိုင်းပြည်အနာဂတ်အတွက် အသက်စွန့်ခဲ့သည်မှာ ယခုဆိုလျှင် (၇)လတိုင်ခဲ့ပြီဖြစ်သည်။ အညတရသူရဲကောင်းအား ဂုဏ်ပြုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) တောင်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ "တိုက်ပွဲဝင်လည်းအတူတူ အချင်းချင်းလည်းဖေးမကူ" အစီအစဉ်ဖြင့် ပြည်သူများအား မုန့်နှင့်အအေးများ လှူဒါန်းခဲ့ပြီး အသက်အရွယ်ကြီးသော ဈေးသည်များအား Brands ကြက်ပေါင်း‌ရည်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ