"ရွက်မရှိရင် တက်ကိုသုံး၊ တက်မရှိရင် လက်နဲ့ရုန်း'' ကြမည့် GSC နှင့် မြို့နယ်သပိတ်ကော်မတီများ

စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ကော်မတီ - GSC နှင့် မြို့နယ်အသီးသီးမှ သပိတ်ကော်မတီများပူးပေါင်းပြီး ယနေ့မနက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ "ရွက်မရှိရင် တက်ကိုသုံး တက်မရှိရင် လက်နဲ့ရုန်း''ဆိုသည့် စာသားပါဘန်နာကိုကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်ပုန်ကန်ကြဖို့ နှိုးဆော်ခဲ့ကြတာပါ။ ဘန်နာမှာ 44 ဆိုတဲ့ ဂဏန်းကိုလည်းထည့်သွင်းဖော်ပြခဲ့ပြီး ၄၄လမ်းဖြစ်စဥ်မှာ ကျဆုံးသွားတဲ့အာဇာနည်တွေနဲ့ အဖမ်းဆီးခံရဲဘော်တွေအတွက် သွေးမအေးကြောင်းလည်းပြသခဲ့ကြပါတယ်။

#ဗကသများအဖွဲ့ချုပ် #ABFSU #KYSC #YDM #PBYSC #TSC #ABFSU #ABFTU #ABYPU #MaMaCDM #GSC #ရကသ #MTNGSC #WhatsHappeningInMyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ