Posts

ကြာအင်းဆိပ်ကြီးမြို့နယ် ဗကသမှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
နိုဝင်ဘာလ ၂၈၊ ကြာအင်းဆိပ်ကြီး ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေခံကျောင်းသားများသမဂ္ဂနှင့် ပြည်သူလူထုများ ပူပေါင်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၂၈ ရက် (၁၀၁ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့) တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချူပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ၊ စတစ်ကာများ လိုက်လံဖြန့်ဝေ

Image
နိုဝင်ဘာ ၂၈၊ ရန်ကုန် ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင်ကို ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ (အမျိုးသားနေ့) တွင် အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဖြန့်ဝေခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချူပ် #ABFSU

ရန်ကုန် တောင်ဥက္ကလာပတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
နို၀င်ဘာ ၂၈၊ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်အတွင်းရှိအထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၂၈ ရက် (အမျိုးသားနေ့) တွင် “မခမ်းခြောက်သေးတဲ့ ကျောင်းသားသွေးတွေနဲ့ ပြည်သူ့ဒီမိုကရေစီကို ရဲရဲတောက်ရေးထိုးအံ့” ဟူသော ဘန်နာစာသားကို ချိတ်ဆွဲကာ တိုက်ပွဲ၀င်ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #‌ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် တာမွေတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
နိုဝင်ဘာလ ၂၈၊ ရန်ကုန် “ပြည်သူ့ဒီမိုကရေစီအတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်” စာသားပါ ဘန်နာအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၂၈ ရက် (အမျိုးသားနေ) တွင် တာမွေဈေးရှေ့၌ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
နိုဝင်ဘာ ၂၈၊ မန္တလေး ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို မနေ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
နိုဝင်ဘာလ ၂၇ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည် “စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း” စာသားပါဘန်နာအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
နိုဝင်ဘာ ၂၆၊ မန္တလေး  ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
နိုဝင်ဘာလ ၂၆၊ ရန်ကုန် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက၆အလုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "အမျိုးသမီးတို့ပါဝါနဲ့ မုဒိမ်းစစ်တပ်အမြစ်ဖြတ်" ဟူသော ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အလံအား မီးရှို့သပိတ်မှောက်ခဲ့ကြသည်။ သို့သော် အလံမီးမစွဲခင် ဖက်ဆစ်စစ်ကောင်စီတပ်သားများ ရောက်ရှိလာသဖြင့် ဆုတ်ခွာခဲ့ရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရွှေပြည်သာ ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
နိုဝင်ဘာလ ၂၆၊ ရန်ကုန် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချူပ်) မှ “စစ်အစိုးရ စစ်အုပ်စု စစ်ဗျူရိုကရေစီယန္တရားကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါ စတစ်ကာများဖြင့် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၏ အချို့သောနေရာများ၌ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး Sticker Campaign လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချူပ် #ABFSU

အထက ၄ ဒဂုံမြိုသစ်မြောက်ပိုင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
နိုဝင်ဘာ ၂၆၊ ရန်ကုန် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက ၄ ဒဂုံမြိုသစ်မြောက်ပိုင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU