ဖိနှိပ်မှုတွေကို အိုးဝေကတဆင့် ဖော်ထုတ်လိုက်ပါ

ဖိနှိပ်မှုတွေကို အိုးဝေကတဆင့် ဖော်ထုတ်လိုက်ပါ
____________________________________________

ဗမာပြည်တဝှမ်းက ကျောင်းသား၊ကျောင်းသူ ညီအကို၊ မောင်နှမ အပေါင်းတို့…

ဒီနေ့အချိန်ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းဖို့ နီးကပ်နေတဲ့ ကာလဖြစ်ပါတယ်။ စစ်အုပ်စုဟာဆိုရင် သူရဲ့ မတရားစစ်အာဏာကို တရားဝင်မှုပြုဖို့ရာအတွက် အတုအယောင်ရွေးကောက်ပွဲကို အတင်းကာရော ကျင်းပဖို့ စိုင်းပြင်းပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်လည်း မသမာတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေပါတယ်။ ဒီလိုနည်းလမ်းတွေထဲက နည်းလမ်းတခုကတော့ စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေမှာ၊ သူတို့လက်လှမ်းမှီရာဒေသတွေမှ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ရွေးကောက်ပွဲမှာ အတင်းအကြပ်မဲပေးဖို့ ဖိအားပေးတာပဲဖြစ်ပါတယ်။

ဗမာပြည်တလွှားက ကျောင်းသားရဲဘော်တွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုင်ရာ အတင်းအကြပ်ဖိအားပေးမှုမျိုး၊ အကြပ်ကိုင်မှုမျိုးကို ကိုယ်တိုင်ဖြစ်စေ အသိမိတ်ဆွေတွေထဲကဖြစ်စေ ကြုံတွေ့နေရတာမျိုးရှိတဲ့အခါ အိုးဝေကနေတဆင့် မိမိတို့ရဲ့ အသံကို ထုတ်ဖော်ပြောကြားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 

အခုလို ကြုံတွေ့နေရတဲ့ မတရားဖိနှိပ်မှုတွေကို သတင်းပေးပို့မယ်ဆိုရင်တော့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီရဲ့ Telegram Account ဆီကို လျှို့ဝှက် လာရောက်ဆက်သွယ်နိုင်ပါတယ်။

➡️ t.me/ABFSUOway
➡️ @ABFSUOway

မတရားမှု ဟူသမျှ ဆိတ်ကွယ်ရာ မရှိရလေအောင် အိုးဝေကတဆင့် ဖော်ထုတ်ကြေညာနိုင်ပါကြောင်း ကျောင်းသားရဲဘော်များအား သတင်းပါးအပ်ပါတယ်။

“စစ်အုပ်စုရဲ့ ဖိနှိပ်မှုဟူသမျှ ဆန့်ကျင်ဖော်ထုတ်ကြ”

#Oway #ABFSU #UYSU #Militaryatrocities #shamelection #election2025

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ