ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားထုနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ

ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားထုနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ

ဧပြီလ ၂၉ရက်၊ ၂၀၂၅

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေစကြိုမြို့နယ် တနေရာမှာ ပြည်သူ့အခြေပြုကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ကျင်းပြုလုပ်ခဲ့ပါတယ်။

သမဂ္ဂရဲဘော်တွေကနေ ဗမူ ၆ ချက် နဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးရပ်တည်ချက်အမြင်ကို ရှင်းလင်းခဲ့ပြီး လက်ရှိတော်လှန်ရေးအခြေအနေ၊ ပညာရေးနဲ့ နိုင်ငံရေးနီးကပ်စွာ ဆက်စပ်နေကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ထို့နောက် ဗကသများအဖွဲ့ချုပ်ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်တွေကိုလည်း ကျောင်းသားထုနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။

#ABFSU #Oway #ရေစကြို #studentsmovement

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ