ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂမှ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးဖြန့်ဝေ

ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂမှ မတ်လ ၁၃ ရက်နေ့  ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးဖြန့်ဝေ

မတ်လ ၁၃ ရက်၊ ၂၀၂၅


ပုလဲမြို့နယ်တွင်းက ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုကို ဒီနေ့ မတ်လ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးတွေ ဖြန့်ဝေခဲ့ကြပါတယ်။

ဖုန်းမော်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းဖြိုခွဲခဲ့ပြီး ကိုဖုန်းမော်ကျဆုံးသွားခြင်းကို အမြဲအမှတ်ရနေစေရန် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဖုန်းမော်နေ့ဟာ လူထုနဲ့ ကျောင်းသားထုကို နေဝင်းအစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ဖိနှိပ်မှုတွေကို ပိုမိုသိမြင်စေခဲ့ပြီး ကျောင်းသားထုတိုက်ပွဲနဲ့ အနာဂတ် လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာစေခဲ့တဲ့၊ အရေးတော်ပုံ တရပ်ကိုမွေးဖွားပေးခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။

#ABFSU #ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ #ဖုန်းမော်နေ့

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ