စစ်အာဏာသိမ်း လေးနှစ်ပြည့်အဖြစ် အရာတော်သမဂ္ဂ၊ အခြေခံပညာသမဂ္ဂနှင့် နယ်မြေခံသပိတ်အင်အားစုများ ပူးပေါင်းပြီး အင်အားရာကျော်ဖြင့် သပိတ်စစ်ကြောင်းချီတက်ခဲ့

စစ်အာဏာသိမ်း လေးနှစ်ပြည့်အဖြစ် အရာတော်သမဂ္ဂ၊ အခြေခံပညာသမဂ္ဂနှင့် နယ်မြေခံသပိတ်အင်အားစုများ ပူးပေါင်းပြီး အင်အားရာကျော်ဖြင့် သပိတ်စစ်ကြောင်းချီတက်ခဲ့

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ရက်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ နယ်မြေခံသပိတ်အင်အားစု‌တွေ အတူတကွ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့"  စာသားပါ ဘန်နာစာကို ကိုင်စွဲပြီး အရာတော်မြို့နယ်မှာ ယမန်နေ့က အင်အား ၃၀၀ ရှိတဲ့ ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းလေးနှစ်ပြည့် လှုပ်ရှားမှုအဖြစ် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့အန်တုကြဖို့နဲ့၊ နိုင်ငံရေး စစ်ရေး အဖက်ဖက်က ကျရှုံးနေတဲ့ ဘုံရန်သူ ဖက်ဆစ်စစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အယောင်ပြ သွေးစွန်းရွေးကောက်ပွဲကို လူထုအားနဲ့ တခဲနက် ဆန့်ကျင်ကြဖို့ အစရှိတဲ့ လူထုသပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော်  #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ