ဗကသနဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ အာဟာရဒါန ထောက်ပံ့မှုပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲချုပ်) ပြန်လည်တည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ မဟာမိတ်တွေ စုပေါင်းပြီး “ဆင်းရဲကျပ်တည်းမှုရဲ့အဖြေမှန် စစ်အုပ်စုသာလျှင်တရားခံ” စာသားပါစတစ်ကာတွေနဲ့ အစားအသောက်တွေကို ဩဂုတ်လ ၄ ရက်နေ့မှာ ရန်ကုန်မြို့က ပြည်သူလူထုကို အာဟာရဒါနဖြစ် ထောက်ပံ့ခဲ့ပါတယ်။


ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) နဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်သောလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ရွှေပြည်သာ #လှုပ်ရှားမှု #whatshappeningnowinmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ