ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အင်အားစုတွေက ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၃၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) နဲ့ Yangon Revolution Force တို့ ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကိုကိုးကျွန်းတိုက်ပွဲ #ကိုကိုးကျွန်းသူရဲကောင်းများနေ့ #WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့