ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မဲဆောက်က ကျောင်းသားပြည်သူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေ


၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကျောင်းသားပြည်သူတွေကို ဗကသရဲဘော်တွေက ၇ ဂျူလိုင် ဖြစ်စဉ်အကျဉ်းချုပ်ထားတဲ့ လက်ကမ်းစာစောင်တွေကို ဒီကနေ့ မနက်ပိုင်းမှာ ဖြန့်ဝေခဲ့ပါတယ်။

ရွေ့ပြောင်းကျောင်း ၃ ကျောင်းနဲ့လက်ဖက်ရည်ဆိုင် ၁ ဆိုင်ကို သွားရောက်ပြီး လက်ကမ်းစာစောင်အရေအတွက် ၂၀၀ ဝန်းကျင်လောက်ဝေခဲ့တာပါ။


ဗကသရဲဘော်တွေအနေနဲ့ ရွေ့ပြောင်းကျောင်းသားကျောင်းသူတွေကို လက်ကမ်းစာဆောင်ဝေငှရင်း ပြည်တွင်းနိုင်ငံရေးအခြေအနေတွေနဲ့ အဆက်မပြတ်ဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေကို ရရာပုံစံနဲ့ ဆက်လက်ပါဝင်နေဖို့ လိုအပ်ကြောင်းလည်း လှုံ့ဆော်စည်းရုံးခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ