ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မဲဆောက်က ကျောင်းသားပြည်သူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေ


၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကျောင်းသားပြည်သူတွေကို ဗကသရဲဘော်တွေက ၇ ဂျူလိုင် ဖြစ်စဉ်အကျဉ်းချုပ်ထားတဲ့ လက်ကမ်းစာစောင်တွေကို ဒီကနေ့ မနက်ပိုင်းမှာ ဖြန့်ဝေခဲ့ပါတယ်။

ရွေ့ပြောင်းကျောင်း ၃ ကျောင်းနဲ့လက်ဖက်ရည်ဆိုင် ၁ ဆိုင်ကို သွားရောက်ပြီး လက်ကမ်းစာစောင်အရေအတွက် ၂၀၀ ဝန်းကျင်လောက်ဝေခဲ့တာပါ။


ဗကသရဲဘော်တွေအနေနဲ့ ရွေ့ပြောင်းကျောင်းသားကျောင်းသူတွေကို လက်ကမ်းစာဆောင်ဝေငှရင်း ပြည်တွင်းနိုင်ငံရေးအခြေအနေတွေနဲ့ အဆက်မပြတ်ဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေကို ရရာပုံစံနဲ့ ဆက်လက်ပါဝင်နေဖို့ လိုအပ်ကြောင်းလည်း လှုံ့ဆော်စည်းရုံးခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ