ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်


၂၀၂၄ ဇူလိုင် ၂၈၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။


အကြမ်းဖက် ဖက်ဆစ်တပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ‌ကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ဘုတလင် #လှုပ်ရှားမှု #whatshappeningnowinmyanmar 

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ