တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၇၇နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ ၉ ဇူလိုင်သီချင်းသီဆိုခြင်း၊ အာဇာနည်နေ့အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့ ကဗျာရွတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်