တနင်္သာရီမှာ တော်လှန်ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်



ဧပြီ ၃၊ ဗကသ

◾ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ ပူးပေါင်းပြီး "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ" ခေါင်းစဉ်နဲ့ ဧပြီ ၁ ရက်နေ့က တနင်္သာရီဒေသ တနေရာမှာ တော်လှန်ရုပ်ရှင်များပြသခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပြပွဲမှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ အဖွဲ့၀င်တဦးမှ ဗကသသမိုင်း အကျဉ်းနဲ့ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ) ဖွဲ့စည်းရခြင်းရဲ့‌အကြောင်းကို တက်ရောက်လာကြတဲ့ ပြည်သူလူထုများကို တင်ပြခဲ့ပါတယ်။


ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုဆိုင်ရာဘေးအန္တရာယ်ကာကွယ်ခြင်းနည်းလမ်းများကိုလည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဗလက ရဲ့အတွင်းရေးမူး ကိုရဲထွေးကလည်း သပိတ်ပြုလုပ်ရခြင်းရဲ့ အရေးပါပုံတွေ ဘယ်လိုအကျိုးသက်ရောက်ပုံတွေကိုလည်း ရှင်းလင်း ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူရဲ‌ကောင်းရဲဘော်များအား ၁ မိနစ် ငြိမ်သက် ဆုတောင်းမေတ္တာပို့ပြီး တော်လှန်ရုပ်ရှင်များဆက်လက်ပြခဲ့တယ်လို့ သိရပါတယ်။

#ABFSU #တော်လှန်ရုပ်ရှင်ပြ #လေကြောင်းတိုက်ခိုက်မှုဆိုင်ရာကာကွယ်ခြင်းနည်းလမ်း #သပိတ်အရေးပါပုံ #ဗကသ #ဗလက

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်