ဗကသများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန် လိပ်စာများ Get link Facebook X Pinterest Email Other Apps - April 04, 2024 ▪️ဗဟိုစည်းရုံးရေးကော်မတီ - abfsu.cec@protonmail.com▪️နိုင်ငံခြားရေးကော်မတီ - abfsu.fac@protonmail.com▪️သတင်းနှင့်ပြန်ကြားရေးကော်မတီ - abfsu@protonmail.com Get link Facebook X Pinterest Email Other Apps
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ် - May 24, 2024 ၂၀၂၄ မေ ၂၄၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တနေရာမှာ ဗကသရဲဘော်များက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ပန်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို မေလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ Read more
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြုသဝဏ်လွှာ - March 22, 2024 သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ၂၀၁၂ - ၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့၏ အဖွဲ့ဝင် (ဟောင်း) ဖြစ်သူ ရဲဘော်အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးအား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ ... Read more
နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ - May 14, 2025 ယနေ့မနက်အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ဆုံးပါးသွားသည့် သတင်းကြားသိရသဖြင့် ဗကသများအဖွဲ့ချုပ်အနေဖြင့် မိသားစုနှင့် နည်းတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါသည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် ဒေါက်တာနေဝင်းအား ဦးညွှတ်ဂုဏ်ပြုရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါသည်။ Read more