ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါဘန်နာကို အထက(၂)အင်းစိန် ကျောင်းရှေ့မှာ ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။


ဒီကနေ့ဟာ အထက(၂)အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ