ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (Central Organizing Committee - COC) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခြင်း

ကြေညာချက်အမှတ် - ၄/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်

                     ဗကသများအဖွဲ့ချုပ် အပါအဝင် ပြည်သူလူထုတရပ်လုံး ဆင်နွှဲနေတဲ့ ​နွေဦးတော်လှန်ရေးကြီးက ၃ နှစ်တာ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့လူထုတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်)ဟာလည်း တနေ့ထက်တနေ့ ဖရိုဖရဲ ပြိုကျပျက်စီးနေတာ အထင်အရှားပဲဖြစ်ပါတယ်။ ဒီကာလမှာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုး​ပေါင်းစုံ ပြည်သူလူထုလွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းထားခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးဆုံးကာလဖြစ်ပါတယ်။

                     အဲဒီလုပ်ငန်းစဉ်တွေကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့အနေနဲ့ တော်လှန်ရေးလိုအပ်ချက်နဲ့ မျိုးဆက်သစ်ခေါင်းဆောင်မှု တည်ဆောက်ရေးလုပ်ငန်းစဥ်အရ ဗဟိုစည်းရုံးရေးကော်မတီ (Central Organizing Committee - COC) ကို တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ ဗဟိုစည်းရုံးရေးကော်မတီ (Central Organizing Committee - COC) က​နေ ဦးဆောင်ပြီး လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းကာ ဗကသများအဖွဲ့ချုပ်ရဲ့အလံတော်ကို ဆက်လက်သယ်ဆောင်ပြီး တာဝန်အရပ်ရပ်ကို ထမ်းရွက်သွားမှာပဲဖြစ်ပါတယ်။ 

“အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ”
“ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ”

ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ