ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက အရာတော်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများနှင့် ကျောင်းရန်ပုံငွေများ ထောက်ပံ့


၂၀၂၄ မတ် ၈၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ  (ဗကသများအဖွဲ့ချုပ်)၊ Orange Women၊ MOWYAC အရာတော်မြို့နယ်တာဝန်ခံတို့မှ မတ်လ ၈ ရက်နေ့၌ အရာတော်မြို့နယ်အတွင်းရှိ မီးဘေးသင့် တောတွင်းစစ်ရှောင်စခန်းတခုရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းရံပုံငွေများ ထောက်ပံ့ခဲ့ပါသည်။ စစ်ရှောင်စခန်းရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာ နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ် 
#abfsu #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ