ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ 

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရာတော်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပါသည်။


အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုမှ တခဲနက်ကြိုဆိုခဲ့ပူးပေါင်းခဲ့ကြပြီး သပိတ်ကော်မတီဝင်များနှင့် ကျောင်းသားခေါင်းဆောင်များမှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအ‌‌ခြေအနေများကို ပြည်သူလူထုအား ရှုင်းလင်းတင်ပြခြင်း၊ “နွေဦးမောင်မယ်များ” အဖွဲ့မှ ရဲဘော်များက တော်လှန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ