ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၊ ဗကသ 

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကနီမြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ကနီမြို့နယ်တွင် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” တိုက်ပွဲခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအခမ်းအနားတရပ် ပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားတွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လူထုအား မကြောက်တရားများ ဟောပြောခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအခြေအနေများကို ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပြီး လူထုညီညွတ်ရေးနှင့် တပ်ပေါင်းစုအားဖြင့် စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် ပြည်သူလူထုလူထုမှ ကနီမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အသီးသီးအား အကြံပြုလွှာများနှင့် အားပေးစာများ ရေးသားအကြံပြုခဲ့ကြပြီး အဆိုပါအကြံပြုချက်များအား ဗကသများအဖွဲ့ချုပ်မှ သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြန်လည်တင်ပြခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar 

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ