ဗကသများအဖွဲ့ချုပ်က ရွှေဘိုမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၃ ဒီဇင်ဘာ ၈၊ ဗကသ

ရွှေဘိုမြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့၌ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။





အဆိုပါ လှုပ်ရှားမှုကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ တို့က ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အမျိုးသားအောင်ပွဲနေ့ 

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ