“Free Palestine” လူထုလှုပ်ရှားမှုကို မဟာမိတ်များနှင့် ဗကသရဲဘော်များ ပူးပေါင်းဖော်ဆောင်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်သော “Free Palestine” လူထုလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ် ရဲဘော်များက နိုဝင်ဘာ ၄ ရက်နေ့တွင် သွားရောက် ပူးပေါင်းခဲ့သည်။ 

အဆိုပါ လှုပ်ရှားမှုတွင် ပါလက်စတိုင်း ကျောင်းသားအဖွဲ့အစည်းများ၊ International Leaguse of People Struggle နှင့် ဗကသများအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်သော Anakbayan Philliphines စသော အဖွဲ့အစည်းများ ပါဝင်ပြီး ဂါဇာဒေသလွတ်မြောက်ရေး၊ ပါလက်စတိုင်းလူထု လွတ်မြောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေး၊ အမေရိကန်အစိုးရက အစ္စရေးကို အကူအညီများ ရပ်ဆိုင်းရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။ 


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ် 
#ABFSU #Gaza #Palestine #Israel #Freepalestine

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ