ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၃ ဇူလိုင် ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် ဆဲဗင်းဂျူလိုင်အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။





အဆိုပါအခမ်းအနားနှင့် သပိတ်စစ်ကြောင်းတွင် “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ”၊ “ဖက်ဆစ်တပ်ကို ဖြိုချ၊ လူ့ဘောင်အသစ်ကို ကြိုကြ” စာသားပါဘန်နာများအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုများကို အင်အားအလုံးအရင်းဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။





သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #7July #ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့ #WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ