မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဗကသများအဖွဲ့ချုပ်သို့ လှူဒါန်းမှုများအား လက်ခံရရှိကြောင်းနှင့် ထောက်ပံ့ပြီးစီးကြောင်း တင်ပြခြင်း




ကြေညာချက်အမှတ် - ၄/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်

                             မိုခါမုန်တိုင်းကြောင့် သဘာဝဘေးဒဏ် ကြုံတွေ့ခံစားနေရသည့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဗကသများအဖွဲ့ချုပ်သို့ ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၇၁၆၅၀၀ (စာဖြင့် - တဆယ့်ခုနှစ်သိန်း တသောင်း ခြောက်ထောင့်ငါးရာ) ကျပ်တိတိအား ဗကသများအဖွဲ့ချုပ်က လက်ခံရရှိပါသည်။

                             ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဒေသခံမဟာမိတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်သူများ၏ ထောက်ပံ့လှူဒါန်းမှုများအား  သဘာဝဘေးဒဏ်သင့်ပြည်သူများထံသို့ ဗကသများအဖွဲ့ချုပ်မှ အောက်ပါအတိုင်း ပေးပို့ထောက်ပံ့ခဲ့ပါသည်။

                             ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည့် ရက္ခိုင်ပြည်သူများအား သဘာဝဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ မှတဆင့် (၁၀) သိန်းကျပ် လှူဒါန်းခဲ့ပြီး ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံးဖြစ်သည့် ချင်းပြည်သူများအား ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ မိုခါအရေးပေါ်တုန့်ပြန်မှုကော်မတီ မှတဆင့် (၇၁၆၅၀၀) ကျပ်ကို ဗကသများအဖွဲ့ချုပ်က ပြန်လည်ကူညီထောက်ပံ့ခဲ့ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#abfsu #ဗကသ #MOCHA #Arakan #Rakhine #Chin #WhatHappeningInMyanmarNow

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ