ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၃ ဖေဖော်ဝါရီ ၃၊ ဗကသ


အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကခွဲကဲဘာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း၊ အောင်စည်တော်သပိတ်စစ်ကြောင်း တို့ ပူးပေါင်းထားသည့် ကျောင်းသားပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့၌ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။












အဆိုပါလှုပ်ရှားမှုတွင် "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ"၊ "အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်"၊ "ငါတို့ မြို့/ရွာ ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင်ငြိမ်မယ် လှုပ်ချင်လှုပ်မယ် လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "အမှန်တရားဘက်မှ အမြဲရပ်တည် CDM ကိုင်စွဲအဆုံးထိတိုက်မည်"၊ "အညာသွေးဟေ့ ရဲရဲနီ" စာသားပါဘန်နာများအား ကိုင်စွဲ၍ သပိတ်စစ်ကြောင်း ချီတက်ခြင်း၊ ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရား ဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။ သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဝန်းရံပေးခဲ့သည်။












သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ