လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဒီဇင်ဘာ ၁၁၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် ဒို့တော်လှန်မှ ရလိမ့်မယ်"၊ "ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး" စာသားဘန်နာများအား ကိုင်စွဲကာ မြိုင်မြို့နယ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် ဗကသကျောင်းသားရဲဘော်များနှင့် အဖွဲ့အစည်းအသီးသီးမှ ရဲဘော်များက ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။














သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #လူ့အခွင့်အရေးနေ့ #whathappeninginmyanmar


Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ