၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် ဦးတင်အေးကြူ (ခ) ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ



သဝဏ်လွှာအမှတ် - ၁၅/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်


၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံ တိုက်ပွဲဝင် ဗကသကျောင်းသားရဲဘော်(ဟောင်းဦးတင်အေးကြူ (ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ်  နာရီ ၄၇ မိနစ်တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။


ရဲဘော် ဦးတင်အေးကြူ (ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝသည် ၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံနှင့်၈၈၈၈ လူထုအရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တဦးဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၏တာဝန်ဝတ္တရာများကို နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲ့ချုပ်၏ အလံတော်ကို သယ်ဆောင်ချီတက်ခဲ့သူ၊ ဗကသများအဖွဲ့ချုပ်ကို နည်းလမ်းပေါင်းစုံဖြင့် ဝန်းရံကူညီခဲ့သူ၊ ဘဝ၏ နောက်ဆုံးသောအချိန်အထိစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်သည်။


ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေဖြင့် ရဲဘော် ဦးတင်အေးကြူ (ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝစွန့်လွှတ်ပေးဆပ်မှုများနှင့် တိုက်ပွဲဝင်စိတ်ဓာတ်အား အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း၍ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗကသများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty