မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ ဒီဇင်ဘာ ၁၆၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "သူရဲကောင်းဝါဒဆန့်ကျင်ကြ တော်လှန်ရေးကိုဆုံးခန်းတိုင်ဆင်နွှဲကြ"၊ "မတရားတဲ့သူတွေကြီးစိုးနေသမျှ လူတိုင်းရဲ့လည်ပင်းမှာကြိုးကွင်းစွပ်ပြီးသားပဲ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar