လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ နိုဝင်ဘာ ၂၆၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ "အာဏာရှင် လက်ဆုပ်ထဲကအာဏာကို ဖြည်ယူလို့မရဘူး၊ ဖြတ်ယူမှရမယ်"၊ "စစ်အာဏာရှင်စနစ်ဆိုးကို ရင်ဆိုင်ရတာ ကျနော်တို့ မျိုးဆက်နောက်ဆုံးဖြစ်ရမယ်" စာသားပါဘန်နာများအား ကိုင်စွဲ၍ လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
ဓာတ်ပုံ - IRW CJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #လူထုဒေါ်အမာ #whathappeninginmyanmar