မဟာအောက်တိုဘာတော်လှန်ရေး (၁၀၅) နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ နိုဝင်ဘာ ၄၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ မဟာအောက်တိုဘာတော်လှန်ရေး (၁၀၅) နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။










ယင်းလှုပ်ရှားမှုကို "အဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" တိုက်ပွဲခေါင်းစဉ် အပါအဝင် "တောင်းဆိုနေတာမဟုတ် တိုက်ယူနေတာ"၊ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ"၊ "ဒီအချိန်မှာ မစည်းလုံးရင် ဘယ်အချိန်မှ စည်းလုံးမှာလဲ"၊ "နည်းနာအစုံသူပုန်ထ စစ်သုံးစစ်ကိုအမြစ်ဖြတ်"၊ "ရန်သူကညှိနှိုင်းလို့မရတဲ့ ရန်သူ၊ ရန်သူနဲ့ညှိနှိုင်းတဲ့သူဟာလည်း ရန်သူပဲ ဖြစ်မှာပဲ"၊ "ဖိနှိပ်သူနဲ့ဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမခွဲခြားဘူး" စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 






ဓာတ်ပုံ - IRW CJ


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ