ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ နိုဝင်ဘာ၃၊ ဗကသ
ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် မြို့နယ်သမဂ္ဂများ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "တော်လှန်ရေးသမားကိုသာ သတ်လို့ရမယ် တော်လှန်ရေးက်ို သတ်လို့မရ" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ နိုဝင်ဘာ ၃ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #besu #ဗကသ #အကသ #whathappeninginmyanmar