အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာလ ၂၂၊ ဗကသ
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူများ ပါဝင်သော လူထုသပိတ်စစ်ကြောင်းသည် "ဖိနှိပ်ခံတို့ ညီညွတ်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာများအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။
မှတ်ချက်။ အရာတော်မြို့နယ်အား ဖက်ဆစ်တပ်က အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar