အရာတော်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ အောက်တိုဘာ ၂၃၊ ဗကသ


အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် ) မှ ဦးဆောင်၍ ဒေသခံကာကွယ်ရေးခေါင်းဆောင် "ဗိုလ်သက်တံ့" ကျဆုံးခြင်း (၁) နှစ်ပြည့် အောက့်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အခမ်းအနားတရပ်ကို အောက်တိုဘာလ ၂၂ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။














ကျောင်းသား/ပြည်သူ ပါဝင်သော အဆိုပါအခမ်းအနားတွင် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ "သွေးဟာ မြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး"၊ "ဘုံရန်သူတူနေရင် ညီညွှတ်ရေးလည်းယူနိုင်ရမယ်" ဘန်နာစာသားများ ချိတ်ဆွဲကာ နိုင်ငံရေးသဘောတရားများ ဟောပြောခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။












(အရာတော်မြို့နယ်အား ဖက်ဆစ်တပ်မှ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပါသဖြင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။)


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ