မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များပူးပေါင်း၍ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


၂၀၂၂ စက်တင်ဘာ ၁၈၊ ဗကသ


ဗကသရဲဘော်များ၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထုပူးပေါင်း၍ ရွှေဝါရောင်တော်လှန်ရေး (၁၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "UN Prove Your Existence For Justice"၊ "ပေးဆပ်သူတွေရဲ့သွေးခင်းလမ်းမှာ အဆုံးသတ်တိုက်ပွဲဝင်ကြ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ "အားတင်းထားပါရန်ကုန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်"၊ "ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ"၊ "ဖက်ဆစ်တရားခွင်အလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် မြိုင်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
























ဓာတ်ပုံ - AAMIJ 


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar #ရွှေဝါရောင်


Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့